Kawlram Ah Ruahsur Vawlei Cimhnak In Minung 4 An Thi+Video

2020 September 16 ah Mandalay Ramthen, Mukok Myone chung Hinpin Khua Aohsuh, Kulan Khua le Shwettai Khua ah ruahfak tuk surnak le vawlei cimhnak a chuak. Kulan Khua ah kum 4 Hngakchia pakhat telh in Chungkhar minung 3 an thi i, Shwettai Khua ah kum 60 leng nu pakhat a thi. A thi mi an dih lak ah minung 4 an si. Vawlei cimhnak ruangah Workshop Motor pakhat ai tel chih.

Vawlei a cimhnak Khua pawl cu mibawmchantu hna nih an kal hnawh i, an fimhlawm hna tiah Mukok Myone Meithat Zung riantuan Bawi U Kyaw Khine nih a chim. A tangah fiangdeuh in van ngai chap.

မိုးကုတ်မှာ မိုးကြီးလို့ မြေပြိုပြီး လူလေးဦး သေဆုံး

မိုးကုတ်မှာ မိုးကြီးလို့ မြေပြိုပြီး လူလေးဦး သေဆုံး~~~~~ခေမဏီဝင်း■ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းက ပာင်းပြင်ကျေးရွာအုပ်စု၊ ကိုးလံကျေးရွာနဲ့ ရွှေတိုင်ရွာတွေမှာ ရေကြီးတာနဲ့ မြေသားနံရံပြိုကျမှုတွေဖြစ်ခဲ့တာပါ။ကိုးလံကျေးရွာက အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် မိသားစုဝင် သုံးယောက် သေဆုံးခဲ့ပြီး ရွှေတိုင်ရွာက အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး၊ စုစုပေါင်းလေးဦး သေဆုံးခဲ့ပါတယ်။မီးသတ်တပ်ဖွဲ့က မြေပြိုခဲ့တဲ့ ကျေးရွာတွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ မိုးကုတ်မြို့နယ်၊ မီးသတ်ဦးစီးဌာနက အရန်မီးသတ်တပ်ဖွဲ့၊ ရုံးအုပ်ကြီး ဦးကျော်ခိုင် ကပြောပါတယ်။“မြေမဲရွာက အိမ်ပြိုပြီး လူ သုံးယောက်သေတယ်။ ရွှေတိုင်ရွာ မြေပြိုတာက အဘွားကြီးတစ်ယောက် သေဆုံးပါတယ်။ ဝမ်ရှော့က ကားတစ်စီး ပါသွာတယ်။ သတင်းရတဲ့ရွာတွေကို ကယ်ဆယ်ရေးသွားနေပါတယ်။ မြေပြိုတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးပါတယ်။”မိုးကုတ်မြို့နယ်အတွင်း မနေ့က စက်တင်ဘာလ ၁၅ ရက်နေ့မှာ မိုးရေချိန် ၆.၆ လက်မနဲ့ မိုးပြင်းထန်စွာ ရွာခဲ့ပါတယ်။ချောင်းတွေကျဉ်းမြောင်းလာလို့ မိုးများတဲ့အခါ သဘာဝဘေးဒဏ်ကို ခံစားရတာလို့ မိုးကုတ်မြို့၊ ရှောလီဝိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောပါတယ်။“နှစ်စဉ်မဖြစ်ဘူး၊ ရေနီချောင်းက ကျဉ်းလာတာလည်းပါတယ်။ အမှိုက်တွေပစ်တော့ ကျဉ်းလာတယ်။ တချို့နေရာဆို ပေ ၂၅၊ ပေ ၃၀ လောက်ပဲရှိတော့တယ်။ တကယ်တမ်းလိုအပ်တာက ပေ ၅၀ လောက် လိုတယ်။”သဘာဝဘေးကြုံတွေ့ရမှုတွေမှာ ဒေသခံတွေရဲ့ ချောင်းတွေအနီး စည်းကမ်းမဲ့ နေအိမ်ဆောက်လုပ်တာတွေလည်း ပါဝင်ပြီး ဒါတွေကိုဆင်ခြင်သင့်တယ်လို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်ကပြောပါတယ်။“ဒေသခံကလည်း ဆင်ခြင်ရမှာပေါ့၊ ဆောက်ချင်တဲ့ နေရာမှာဆောက်ကြပြီးတော့ အစီစဉ်ချတဲ့နေရာကလည်း သူတို့ကလည်း လာမနေနိုင်တော့ ကျူးကျော်တွေက နေရာယူတယ်။ အဲ့ဒါတွေက အားလုံးက ဆင့်ကဲ ဆင့်ကဲဖြစ်နေတာ။ အဓိကတော့ ရာသီဥတုပြောင်းတာပါ၊ မိုးကုတ်တင်မဟုတ်ပါဘူး၊ မြေပြန့်တွေက သဲချောင်းတွေရှိတဲ့နေရာတွေမှာလည်း မိုးတအားများရင်ဖြစ်လာတယ်။”ပျက်စီးဆုံးရှုံးမှုတွေအပေါ် အစိုးရအနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်း လျော်ကြေးတွေပေးဖို့ရှိတယ်လို့ ဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။သဘာဝဘေး ကြုံခဲ့ရတဲ့ ကျေးရွာတွေကို ဒီနေ့မှာ မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့ အစိုးရတာဝန်ရှိသူတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လာရောက်လုပ်ဆောင်ပေးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။- Unicode~~~~~~~~~~~~~~~မိုးကုတ္မွာ မိုးႀကီးလို႔ ေျမၿပိဳၿပီး လူေလးဦး ေသဆုံး~~~~~ေခမဏီဝင္း■ မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္အတြင္းက ပာင္းျပင္ေက်း႐ြာအုပ္စု၊ ကိုးလံေက်း႐ြာနဲ႔ ေ႐ႊတိုင္႐ြာေတြမွာ ေရႀကီးတာနဲ႔ ေျမသားနံရံၿပိဳက်မႈေတြျဖစ္ခဲ့တာပါ။ကိုးလံေက်း႐ြာက အသက္ေလးႏွစ္အ႐ြယ္ ကေလးငယ္တစ္ေယာက္ အပါအဝင္ မိသားစုဝင္ သုံးေယာက္ ေသဆုံးခဲ့ၿပီး ေ႐ႊတိုင္႐ြာက အသက္ ၆၀ ေက်ာ္ အမ်ိဳးသမီးတစ္ဦး၊ စုစုေပါင္းေလးဦး ေသဆုံးခဲ့ပါတယ္။မီးသတ္တပ္ဖြဲ႕က ေျမၿပိဳခဲ့တဲ့ ေက်း႐ြာေတြကို ကူညီကယ္ဆယ္ေရးေတြ ေဆာင္႐ြက္ေပးေနတယ္လို႔ မိုးကုတ္ၿမိဳ႕နယ္၊ မီးသတ္ဦးစီးဌာနက အရန္မီးသတ္တပ္ဖြဲ႕၊ ႐ုံးအုပ္ႀကီး ဦးေက်ာ္ခိုင္ ကေျပာပါတယ္။“ေျမမဲ႐ြာက အိမ္ၿပိဳၿပီး လူ သုံးေယာက္ေသတယ္။ ေ႐ႊတိုင္႐ြာ ေျမၿပိဳတာက အဘြားႀကီးတစ္ေယာက္ ေသဆုံးပါတယ္။ ဝမ္ေရွာ့က ကားတစ္စီး ပါသြာတယ္။ သတင္းရတဲ့႐ြာေတြကို ကယ္ဆယ္ေရးသြားေနပါတယ္။ ေျမၿပိဳတဲ့ေနရာေတြကို သန႔္ရွင္းေရးလုပ္ေပးပါတယ္။”မိုးကုတ္ၿမိဳ႕နယ္အတြင္း မေန႔က စက္တင္ဘာလ ၁၅ ရက္ေန႔မွာ မိုးေရခ်ိန္ ၆.၆ လက္မနဲ႔ မိုးျပင္းထန္စြာ ႐ြာခဲ့ပါတယ္။ေခ်ာင္းေတြက်ဥ္းေျမာင္းလာလို႔ မိုးမ်ားတဲ့အခါ သဘာဝေဘးဒဏ္ကို ခံစားရတာလို႔ မိုးကုတ္ၿမိဳ႕၊ ေရွာလီဝိုင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးျမင့္က ေျပာပါတယ္။“ႏွစ္စဥ္မျဖစ္ဘူး၊ ေရနီေခ်ာင္းက က်ဥ္းလာတာလည္းပါတယ္။ အမႈိက္ေတြပစ္ေတာ့ က်ဥ္းလာတယ္။ တခ်ိဳ႕ေနရာဆို ေပ ၂၅၊ ေပ ၃၀ ေလာက္ပဲရွိေတာ့တယ္။ တကယ္တမ္းလိုအပ္တာက ေပ ၅၀ ေလာက္ လိုတယ္။”သဘာဝေဘးႀကဳံေတြ႕ရမႈေတြမွာ ေဒသခံေတြရဲ႕ ေခ်ာင္းေတြအနီး စည္းကမ္းမဲ့ ေနအိမ္ေဆာက္လုပ္တာေတြလည္း ပါဝင္ၿပီး ဒါေတြကိုဆင္ျခင္သင့္တယ္လို႔ မႏၲေလးတိုင္း ေဒသႀကီးအစိုးရအဖြဲ႕ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးမ်ိဳးသစ္ကေျပာပါတယ္။“ေဒသခံကလည္း ဆင္ျခင္ရမွာေပါ့၊ ေဆာက္ခ်င္တဲ့ ေနရာမွာေဆာက္ၾကၿပီးေတာ့ အစီစဥ္ခ်တဲ့ေနရာကလည္း သူတို႔ကလည္း လာမေနႏိုင္ေတာ့ က်ဴးေက်ာ္ေတြက ေနရာယူတယ္။ အဲ့ဒါေတြက အားလုံးက ဆင့္ကဲ ဆင့္ကဲျဖစ္ေနတာ။ အဓိကေတာ့ ရာသီဥတုေျပာင္းတာပါ၊ မိုးကုတ္တင္မဟုတ္ပါဘူး၊ ေျမျပန္႔ေတြက သဲေခ်ာင္းေတြရွိတဲ့ေနရာေတြမွာလည္း မိုးတအားမ်ားရင္ျဖစ္လာတယ္။”ပ်က္စီးဆုံးရႈံးမႈေတြအေပၚ အစိုးရအေနနဲ႔ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနရဲ႕ သတ္မွတ္ထားတဲ့ ႏႈန္းထားေတြအတိုင္း ေလ်ာ္ေၾကးေတြေပးဖို႔ရွိတယ္လို႔ ဝန္ႀကီး ဦးမ်ိဳးသစ္က ေျပာပါတယ္။သဘာဝေဘး ႀကဳံခဲ့ရတဲ့ ေက်း႐ြာေတြကို ဒီေန႔မွာ မီးသတ္ဦးစီးဌာန၊ အရန္မီးသတ္တပ္ဖြဲ႕၊ ၾကက္ေျခနီ တပ္ဖြဲ႕ဝင္ေတြနဲ႔လူမႈကူညီေရး အသင္းအဖြဲ႕ေတြနဲ႔ အစိုးရတာဝန္ရွိသူေတြက ကယ္ဆယ္ေရးလုပ္ငန္းေတြ လာေရာက္လုပ္ေဆာင္ေပးၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။- Zawgyi~~~~~~~~~~~~~~~

Posted by RFA Burmese on Wednesday, September 16, 2020

Source: RFA

Be the first to comment on "Kawlram Ah Ruahsur Vawlei Cimhnak In Minung 4 An Thi+Video"

Leave a comment

Your email address will not be published.


*